Friday, February 22, 2013

အနာဂတ် ရဲ. မျိုးဆက်သစ်


နော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ အော်စလို တက္ကသိုလ်မှာ The Role of students in Burma’s development ဆိုတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏ အခန်းကဏ္ဍ ခေါင်းစဉ်နဲ့ မနေ့က အင်္ဂလိပ်လို ဟောပြောခဲ့ချိန်တွင် အင်္ဂလိပ်စာ တစ်လုံးခြင်းအား စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှုကြောင့် ဟောပြောပွဲကြည့်ရှုသူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သတင်းရရှိသည်။

ဟောပြောပွဲကို နော်ဝေကျောင်းသားတွေနဲ့ မြန်မာကျောင်းသားတွေ စိတ်ဝင်တစား နားထောင်ခဲ့ကြပြီး ပြောသမျှ နားမလည်ခြင်းကြောင်း မေးခွန်းတွေ မေးမြန်း ခဲ့ရာ ကိုမင်းကိုနိုင်မှ ထစ်အ ထစ်အဖြင့် ဖြေကြားသွားခဲ့သည်။

 ဟာပြောပွဲကို အော်စလိုတက္ကသိုလ်၊ အာရှရေးရာ လေ့လာရေးကွန်ရက်နဲ့ နော်ဝေ-မြန်မာ ကော်မတီတို့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး မင်းကိုနိုင်၏ အင်္ဂလိပ်စာညံ့ဖျင်းမှုအတွက် အလွန်ပင်စိတ်ပျက်မိကြောင်း တက်ရောက်ခဲ့သူ နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ယခုလို ပြောကြားခဲ့သည်
"ကျွန်တော်အရင်တုန်းက အတော်လေးကို အထင်ကြီးခဲ့ပါတယ်.. အခုတော့ အထင်မကြီးတော့ပါဘူး... ကျောင်းသားခေါင်းဆောင်ဆိုတဲ့လူကတောင် ဒီလောက်ညံ့နေရင် ကျန်တဲ့လူတွေ အင်္ဂလိပ်စာ ဖတ်တာကို ကျွန်တော် နားမထောင်ပါရစေနဲ့..." ဟု ပြောဆိုခဲ့သည်။

ကိုမင်းကိုနိုင် အင်္ဂလိပ်စာ အသံထွက် မှားများကို ဖတ်နေချိန်မှာ သနားမိကြောင်း ဒုက္ခသည်စခန်းမှတဆင့် နောက်ဝေနိုင်ငံသို့ ရောက်ရှိနေသော ကျောင်းသူတစ်ဦးမှ ဆက်ပြောခဲ့သည်။

"ကျွန်မကတော့ သူ့ကို အရမ်းသနားတယ်.. ထောင်ထဲမှာ နေရတာ ကြာတော့ သူလည်း ဘယ်သိတော့မလဲ... သူ ထစ်အ ထစ်အ ဖတ်နေတာ ကြည့်ပြီး မျက်ရည်တောင်ကျတယ်..." ဟု ပြောသည်။

ထောင်ကျနေချိန်တွင်းမှာ ပန်းချီစွဲသလိုလို၊ ကဗာ စပ်၊ သီချင်းရေးသလိုလို မလုပ်ပဲ အင်္ဂလိပ်စာ သာ လေ့လာခဲ့ရင် ယခုကဲ့သလို့ အရှက်ကွဲမည် မဟုတ်ကြောင်း အင်တာနက်ပေါ်မှ ကြည့်ရှုခဲ့သူ ရုရှားရောက် မြန်မာကျောင်းသား တစ်ဦးမှ ပြောကြားခဲ့သည်..

"ပထမ အဆင့်ကတော့ ကျောင်းမှာကတည်းက ညံ့ခဲ့လို့ ဖြစ်ပါလိမ့်မယ်.. ၈၈ ကျောင်းသားတွေထဲမှာ တော်တဲ့လူ တစ်ယောက်မှ ကျွန်တော်မတွေ့ဖူးဘူး... ကျောင်းမှာ ညံ့ခဲ့ရင်လည်း ထောင်ထဲမှာ ဆက်လေ့လာသင့်ပါတယ်.. ပန်းချီလိုလို၊ ကဗျာလိုလို၊ သီချင်းလိုလိုတွေ လုပ်ပြီး အချိန်ဖြုန်းနေတာထက်စာရင် ပိုအကျိုးရှိတာပေါ့..." ဟု မှတ်ချက်ပေးခဲ့သည်။

ဒါ့အပြင် ယခုချိန်မှာ လမ်းပေါ်ထွက် တောင်လျှောက် မြောက်လျှောက် လုပ်မနေပဲ လေ့လာရင်တောင် မှီသေးကြောင်းကိုလည်း အကြံပေးခဲ့သည်။

အင်္ဂလိပ်စာ ညံ့သော်လည်း နော်ဝေမှ တဆင့် ပြင်သစ်နိုင်ငံကို ဒီကနေ့ထွက်ခွာကြမှာဖြစ်ပြီး ဒိန်းမတ်နိုင်ငံကိုလည်း ဆက်လက်သွားရောက်မည်ဟု သတင်းရရှိသည်။

No comments:

Post a Comment