Monday, October 14, 2013

ထီစနစ် ပြုပြင်တော့မည်

10/14/2013 01:05:00 PM  


ပြည်တွင်းအခွန်များ ဦးစီးဌာနက တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော်
လည်း ပြင်ပဈေး ကွက်တွင် ထက်ဝက်ကျော် ဈေးတင်ရောင်း ချနေသည့် အောင်ဘာလေ ထီစနစ်ကို ကွန်ပျူတာသုံး ထီစနစ် (Computerized Lottery) သို့ပြောင်းလဲ ကျင့်သုံး မည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြား သည်။ကွန်ပျူတာသုံး ထီစနစ်ကို အကောင်အထည် ဖော်နိုင်ပါက ထီစောင်ရေ အရေအတွက် ကန့်သတ်မှုနှင့် တန်ဖိုးတိုးမြှင့်မှု မရှိဘဲ ရောင်းချနိုင်မည်ဖြစ်ပြီး ပြင်ပဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း ဒေါက်တာ လင်းအောင်က ထပ်မံ ပြောကြားသည်။
အော်ကတိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အောင်ဘာလေ သိန်းဆုလက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀ ရာခိုင်နှုန်း ကြီးမြင့်နေသည်ကို ပြုပြင်ရန် အစီစဉ် ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အစိုးရက ၁၁ စောင်ပါ ထီလက်မှတ်တစ်အုပ်ကို ကျပ်နှစ် ထောင်ဖြင့် ရောင်းချသော်လည်း ထီရောင်းချသူ လုပ်ငန်းရှင်များက အခြားကုန်ကျစရိတ်များ ထပ်ပေါင်း ထည့်ထားသဖြင့် ထီတစ်စောင်လျှင် ၂၀၀ ကျပ်ထက် ပိုမိုရောင်းချနေခြင်းဖြစ်ပြီး အဆိုပါ အခြေအနေ များကို ပြင်ဆင်ရန် နိုင်ငံ တကာ တွင် ဆောင်ရွက်နေသည့် ကွန်ပျူတာသုံးထီစနစ်ကို လေ့လာနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ကွန်ပျူတာသုံး ထီစနစ်ကို လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေလည်း လာဆွေးနွေးနေတာ ရှိပါတယ်” ဟု ဒေါက်တာလင်းအောင်က ဆိုသည်။ “သိသလောက်တော့ ကွန်ပျူတာစနစ်က လူနဲ့ရွေးတာထက် ကုန်ကျ စရိတ် ပိုသက်သာတယ် ပိုမြန်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အရေးကြီးတာ ဟက်ကာတွေရဲ့ရန်ကို ထည့်စဉ်း စားရမယ်။ နောက်ပြီး ကွန်ပျူတာစနစ်ဆိုတာ လူဖန်တီးတာဖြစ်လို့ ဂဏန်းကို တွက်ချက် မရဘူးလို့ အာမခံနိုင်ပါ့မလား” ဟု စင်ကာပူနိုင်ငံ အိုင်တီလုပ်ငန်းတစ်ခု၌ သွားရောက် အလုပ်လုပ်ကိုင်နေသူ အင်ဂျင် နီယာ တစ်ဦးက ရှင်းပြသည်။ အစိုးရ ထီလက်မှတ်များကို ပြင်ပဈေးကွက် ထီတစ်စောင် ကျပ် ၂၅၀၊ ကျပ် ၃၀၀ စသဖြင့် ဈေးအမျိုးမျိုးဖြင့် ရောင်းချနေကြောင်း အစိုးရထံမှ လက်မှတ်ကို လုပ်ငန်းရှင်များကိုသာ ကန့်သတ် ဝယ်ယူခွင့်ပြုနေခြင်းကို ပြင်ဆင်သင့်ကြောင်း မကွေးမြို့၌ ထီရောင်းချနေသူ ဦးမောင်အေးက ပြောဆိုသည်။
အစိုးရ၏ အောင်ဘာလေထီစနစ်တွင် လစဉ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ပေးပြီး ထီလက်မှတ်ရောင်းရငွေ ၄၀ ရာခိုင်နှုန်းနှင့် လာရောက်ထုတ်ယူမှု မရှိသည့် ပေါက်မဲဆုများကို နိုင်ငံတော် အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်းဖြစ်ကြောင်းသိရသည်။
the voice
တူဒေးမြန်မာ မှ ကူးယူဖေါ်ပြသည် ။

No comments:

Post a Comment