NLD ရှိုးပွဲ တွင် မျိုးကြီးမှ
"နားနားပြီး ပြော မောမယ်" သီချင်း ဆိုသဖြင့် ဒေါ်စု နှင့် ပါတီဝင်များ
ဒေါသထွက် ခဲ့ကြကြောင်း သတင်းရရှိသည်။ ပထမအကြိမ် NLD ဈေးရောင်းပွဲတွင် IC
အဖွဲ့အား ပါဝင် သီဆိုရန် ကမ်းလှမ်းခဲ့သော်လည်း IC တစ်ဖွဲ့လုံးမှ သီဆိုရန်
ငြင်းဆန်ခဲ့ပြီး ယခု ဒုတိယအကြိမ်တွင်တော့ မျိုးကြီးမှ "နားနားပြီးပြော"
သီချင်း သီဆိုခဲ့ပြီး၊ လေးဖြူ မှ "အရေးမကြီးဘူး" သီချင်း သီဆိုခဲ့သည်။
မျိုးကြီး၏ "နားနားပြီးပြော
မောမယ်" ဆိုသည့် သီချင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD
ပါတီဝင်များအားလုံး ဒေါသအကြီးအကြယ်ထွက်ခဲ့ကြောင်း သိရပြီး
ဒေါ်အောင်ဆန်းစုကြည် သွေးတက်လာသဖြင့် မိသားစု ဆရာဝန် နှင့်
ပြသလျှက်ရှိကြောင်း သိရသည်။
မျိုးကြီး၏ သီချင်းထဲတွင်
"ဒီပုပ် နှင့် ဒီပဲ အဟုတ်ထင် လက်ခုပ်တီးနေကြောင်း"
"ဟိုအပြစ်တင် ဒီအပြစ်တင်နှင့် ကမ္ဘာနှင့် ချီပြောနေကြောင်း"
"ဂျာနယ်မျက်နှာဖုံးများတွင် ပါရှိနေကြောင်း""နေရာတကာ ပါနေပြီး စကားလုံးများက ထပ်ကာ မဲပြား ပုဆိုးဖြစ်နေကြောင်း"
"အားလုံးကြားသဖြင့် တိုးတိုးပြောသင့်ကြောင်း"
"မောမည်ဆိုးသဖြင့် နားနားပြီးပြောသင့်ကြောင်း"
စသည့် စာသားများ ပါဝင်သည်။
No comments:
Post a Comment