Eleven, The Voice, ဧရာဝတီ ကဲ့သို.့ ကျင့်ဝတ်မညီသော ပြည်တွင်း၊ ပြည်ပ
အခြေစိုက် မြန်မာ မီဒီယာ များ အား ဆက်တိုက် ဆုံးမနေသဖြင့် BHG အား လူထုမှ
ပိုမိုလေးစား ထောက်ခံလာ ကြောင်း သတင်းရရှိသည်။ အစိုးရသစ်တက်လာပြီးနောက်
မီဒီယာများအား စိစစ်မှုမရှိပဲ ထုတ်ဝေခွင့်ပေးပြီးနောက် မီဒီယာများမှ
စည်းမဲ့ကမ်းမဲ့ ကျင့်ဝတ်သိက္ခာမဲ့ ရေးသားမှုများ ဆက်တိုက် ပေါ်ပေါက်လာခဲ့သည်။
နာမည်ပျက်စာရင်းတွင် ထိပ်ဆုံး ဂျာနယ်များမှာ Weekly Eleven, The Voice
Weekly နှင့် 7 Day News ဂျာနယ်တို့ဖြစ်ပြီး ပြည်ပအခြေစိုက် နော်ဝေနိုင်ငံ၏
ပေးကမ်း ထောက်ပံ့မှုဖြင့် ရပ်တည်နေသော ဧရာဝတီ တို့ ပါဝင်သည်။
မီဒီယာများသည် ၎င်းတို့ကိုယ်တိုင် နာမည်ပေးကာ စတုတ္ထမဏ္ဍိုင် ဟု ကိုယ့်ဘာကိုယ်
သတ်မှတ်ထားပြီး အစိုးရ၊ လွှတ်တော် နှင့် တရားသူကြီးများကို
ထိန်းကျောင်းပေးရန်ဟု စကားကြီးစကားကျယ်ပြောကာ ပြည်သူ့အသံဟု
ခေါင်းစဉ်တပ်ပြီး ကိုယ်ရေးချင်တာများကို ရေးသားခဲ့ ကြသည်။ သို့သော် မဏ္ဍိုင်
သုံးခု အား ထိန်းကျောင်းသည်ဆိုသည့် စတုတ္ထမဏ္ဍိုင် ကိုတော့ အစိုးရလည်း
မထိန်းကျောင်းနိုင်၊ လွှတ်တော်ကလည်း ထိန်းကျောင်းနိုင်ခြင်းမရှိခဲ့ပေ။
အကြောင်းမှာ ကျင့်ဝတ်မညီမှုကြောင့် အစိုးရ ဖက်မှ တစုံတစခု တုန့်ပြန်တိုင်း
"မီဒီယာ ဖိနိပ်မှု ရပ်" ဟု ဆိုကာ အကျီအနက်များဝတ်ပြီး အယ်ဒီတာများကိုယ်တိုင်
ခွင့်ပြုချက် ကြိုမတင်ပဲ ဆန္ဒပြ ခဲ့ခြင်းကြောင့် ဖြစ်သည်။
စာပေစိစစ်ရေးဖျက်သိမ်းပြီးကာလမှ ၁ နှစ်ကျော်ကြာ ဗိုလ်ကျစိုးမိုးလာပြီး
လူထုမှ စိတ်ပျက် မျက်မုန်းကျိုးလာသော မီဒီယာများသည် ယခု အခါ BHG အပါအဝင်
Hacker များမှ တိုက်ခိုက် ဆုံးမ လာသဖြင့် အရှက်သိက္ခာများ ကျဆင်းလာကာ
ကယောင်ကတန်းပြောဆိုလာကြသည်။
အစိုးရအား ဆရာလုပ်ကာ အမြင့်ဆုံးဟူ ယူဆထားသည့် မီဒီယာများမှာ BHG ၏
တိုက်ခိုက်မှုကို အလူးအလဲခံရပြီးနောက် အယ်ဒီတာများ နှင့်
ဂျာနယ်ပိုင်ရှင်များပါ အိပ်မပျော်စားမဝင် ဖြစ်နေကြရကြောင်း သိရသည်။
ယခု ရက်ပိုင်းအတွင်း BHG မှ Eleven Media စာမျက်နှာအား ထိုးဖောက်
ဝင်ရောက်ခဲ့ခြင်း၊ 7 Day Press စာမျက်နှာအား ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း၊
The Voice စာမျက်နှာအား DDos သုံးကာ တိုက်ခိုက်ခဲ့ခြင်း၊ ဧရာဝတီ ၏
စာမျက်နှာအချို့အား ထိုးဖောက်ခဲ့ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင်း
လူထု၏ ထောက်ခံကြိုဆိုခြင်းကို ဆက်တိုက် ခံနေရသည်ကို facebook
စာမျက်နှာများတွင် တွေ့ရသည်။
"BHG ကိုတော့ လေးစားတယ်ဗျာ... တစ်ပူးကြီးလည်း ငြိမ်သွားပြီ..
ကျော်မင်းဆွေလည်း အမြီးကုပ်သွားပြီ" စသည်ဖြင့် Facebook ပေါ်တွင်
ရေးသားခဲ့ကြသည်။
ယခုအခါ Eleven မှ ဝေဖြိုး နှင့် The Voice မှ ကျော်မင်းဆွေတို့မှာ BHG
အလွန်ကြောက်ရွံ့လျှက်ရှိကြောင်း သိရပြီး ၎င်း တို့အား
တိုက်ခိုက်ခဲ့မှုများအတွက် တိုက်ရိုက် အပြစ်မတင်ရဲကြသဖြင့်
သွယ်ဝိုက်ရေးသားမှုများကိုသာ တွေ့ရသည်။
တရားဝင်မှတ်ပုံတင်မီဒီယာများအား တိုက်ခိုက်မှုအတွက် Eleven Media မှ သမ္မတ
နှင့် ကာကွယ်ရေးဦးစီးချုပ်အထိ တိုင်ကြားစာပေးပို့ခဲ့သော်လည်း ၎င်းတို့အား
နည်တပ် တိုက်ခိုက်ခဲ့သော BHG နာမည် အား မထည့်ရဲပဲ သန်းထွဋ်အောင် အကြောင်း
အမှန်တရားများကို ထုတ်ဖော်ရေးသားနေသည့် Myanmar Express ကို
မဆီမဆိုင်ထည့်သွင်းတိုင်ကြားခဲ့သည်။ The Voice ကျော်မင်းဆွေမှလည်း ၎င်း
တို့အား တိုက်ခိုက်သူမှာ Myanmar Express ဟု စွတ်စွဲရေးသားမှုများ
ရှိခဲ့သော်လည်း နောက်ပိုင်း မဟုတ်မှန်းသိသော်လည်း
သိက္ခာရှိရှိတောင်းပန်ခြင်း မရှိခဲ့ခြေ။
http://weeklyeleven.com/
http://first-11.com/
http://www.11-media.com/
http://www.elevenmediagroup.net/
http://news-eleven.com/
http://first-11.com/
http://www.11-media.com/
http://www.elevenmediagroup.net/
http://news-eleven.com/
http://election-bur.irrawaddy.org/index.php?option=com_content&view=category&layout=blog&id=86&Itemid=299
http://election-bur.irrawaddy.org/index.php?option=com_content&view=article&id=710:hacked-by-blink-hacker-group&catid=86:news&Itemid=299
http://election-bur.irrawaddy.org/
BHG ၏ ထောက်ပြဝေဖန်မှုတွင်
၁။ Eleven Media Group သည် ခွေးကဲ့သို့ လူတိုင်းကို လိုက်ကိုက်နေကြောင်း၊
၂။ မြန်မာသတင်းထောက်များ အဆင့်မရှိကြောင်း
၅။ တိုင်းပြည်ပျက်အောင်ဖျက်နေသော ပြည်ဖျက်မီဒီယာများအား မြန်မာနည်းပညာရှင်းများက ဝိုင်းဝန်းဆုံးမလျှက်ရှိကြောင်း
၇။ Mizzia, Irrawaddy နှင့် DVB မှ မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင်း ဆူပူမှုများ ဖြစ်အောင်လုပ်ကာ တိုင်းပြည်ပျက်အောင်ဖန်တီးနေကြကြောင်း
၁၀။ မြန်မာမီဒီယာများ အဆင့်တန်းမရှိ ခွေးလို ကိုက်နေသဖြင့် ဆုံးမနေရကြောင်း
၁၂။ မြန်မာမီဒီယာသမားများအပေါ် မည်သူမျှ ယုံကြည်မှုမရှိကြောင်း
၁၃။ The Voice ကျော်မင်းဆွေသည် အယ်ဒီတာမလုပ်သင့်ပဲ ခွက်စွဲကာ တောင်းစားသင့်ကြောင်း
၁၄။ ကျော်မင်းဆွေအနေဖြင့် ဆဗာနောက် လိုက်လျှင် သိမည်ဟု ယူဆပါက BHG မှ ၁၀ နှစ် အကြောပေးထားကြောင်း
၁။ Eleven Media Group သည် ခွေးကဲ့သို့ လူတိုင်းကို လိုက်ကိုက်နေကြောင်း၊
၂။ မြန်မာသတင်းထောက်များ အဆင့်မရှိကြောင်း
၅။ တိုင်းပြည်ပျက်အောင်ဖျက်နေသော ပြည်ဖျက်မီဒီယာများအား မြန်မာနည်းပညာရှင်းများက ဝိုင်းဝန်းဆုံးမလျှက်ရှိကြောင်း
၇။ Mizzia, Irrawaddy နှင့် DVB မှ မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင်း ဆူပူမှုများ ဖြစ်အောင်လုပ်ကာ တိုင်းပြည်ပျက်အောင်ဖန်တီးနေကြကြောင်း
၁၀။ မြန်မာမီဒီယာများ အဆင့်တန်းမရှိ ခွေးလို ကိုက်နေသဖြင့် ဆုံးမနေရကြောင်း
၁၂။ မြန်မာမီဒီယာသမားများအပေါ် မည်သူမျှ ယုံကြည်မှုမရှိကြောင်း
၁၃။ The Voice ကျော်မင်းဆွေသည် အယ်ဒီတာမလုပ်သင့်ပဲ ခွက်စွဲကာ တောင်းစားသင့်ကြောင်း
၁၄။ ကျော်မင်းဆွေအနေဖြင့် ဆဗာနောက် လိုက်လျှင် သိမည်ဟု ယူဆပါက BHG မှ ၁၀ နှစ် အကြောပေးထားကြောင်း
စသည်ဖြင့်ရေးသားထားသည်။
http://www.7daypress.com/
info@thedailyeleven.com
No comments:
Post a Comment