Friday, October 11, 2013

မိုးလေ၀သ( မုန်တိုင်း ) အခြေအနေ

Thursday, October 10, 2013
From : ..dvb
 
 ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း ဖိုင်လင်း (PHAILIN)
ဟာ အားအလွန်ကောင်းနေပြီး၊ မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် တနာရီမိုင် ၅၀ နှုန်း လေတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွှေလျားပြီး အိန္ဒိယနိုင်ငံ၊ ကုန်တိုင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ လောလောဆယ် ခန့်မှန်းထားပေမယ့်၊ မုန်တိုင်း လမ်းကြောင်း ပြောင်းရင် လဲ ပြောင်သွားနိုင်တာမို့ ပြည် သူတွေအနေနဲ့ အခုရက်ပိုင်း မုန်တိုင်းသတင်းကို မပြတ်နားစွင့်ကြဖို့ မိုးလေ၀ သဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။


ကမ်းရိုးတန်းဒေသနေ ပြည်သူတွေ ရေလမ်းက ခရီးသွားတာ၊ ငါးဖမ်းလှေတွေ ပင်လယ်ထွက် ငါးဖမ်းတာတွေ မလုပ်ကြဖို့လဲ သတိပေးထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်းရဲ့ မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်း တနာရီ မိုင် ၈၀ အထိ ရှိနေတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ပါတယ်။


 .. www.MyanmarExpress.net  

No comments:

Post a Comment