Monday, October 14, 2013
စိမ်းပြာရေညှိ ထွက်ရှိမှု ကျဆင်းလာ
စိမ်းပြာရေညှိ ဗီတာမင် ဆေးပြားတွေ ထုတ်လုပ်ရာမှာ
အဓိက ကုန်ကြမ်းဖြစ်တဲ့ စိမ်းပြာရေညှိ ထွက်ရှိမှုဟာ ၂၀၁၂-၁၃ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း စစ်ကိုင်း အမှတ် ၃ ဆေးဝါးထုတ်လုပ်ငန်းက ဒေါက်တာမေယုခိုင်က ပြောပါတယ်။
ရန်ကုန် ယုဇနဟိုတယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ သူက ပြောလိုက်တာပါ။
မြန်မာအပါအ၀င် တရုတ်၊ မက္ကဆီကို၊ ကင်ညာ၊ အီးသီယိုးပီးယားနဲ့ ချဒ်နိုင်ငံတွေလောက်မှာပဲ ထွက်တဲ့ ရှားပါး စိမ်းပြာရေညှိ သယံဇာတကို ထိန်းသိမ်းသင့်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ စက်မှုဝန်ကြီးဌာနကနေ စိမ်းပြာရေညှိကို ဆေးဝါးအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းမှာတင်မက နိုင်ငံတကာကိုပါ တင်ပို့ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
သစ်ထူးလွင် မှ ကူးယူဖေါ်ပြသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment